သံယုတ္တနိကာယ်—၂၂

(၁၂) ၂—ဓမ္မကထိကဝဂ်

၃—ဓမ္မကထိကသုတ်

၁၁၅။ သာဝတ္ထိနိဒါန်း။ ထိုရဟန်းသည် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား”အသျှင်ဘုရား ‘ဓမ္မကထိက ဓမ္မကထိက’ဟု ဆိုအပ်၏၊ အသျှင်ဘုရား အဘယ်မျှဖြင့် ဓမ္မကထိက ဖြစ်ပါသနည်း”ဟု ဤစကားကို လျှောက်၏။

ရဟန်း ရုပ်ကို ငြီးငွေ့ရန် စွဲမက်မှု ကင်းရန် ချုပ်စေရန် တရားကို ဟောခဲ့မူ “ဓမ္မကထိကရဟန်း”ဟု့ဆိုထိုက်၏။ ရဟန်း ရုပ်ကို ငြီးငွေ့ရန် စွဲမက်မှု ကင်းရန် ချုပ်စေရန် ကျင့်ခဲ့မူ “တရားအား လျော် သောအကျင့်ကို ကျင့်သော ရဟန်း”ဟု ဆိုထိုက်၏။ ရဟန်း ရုပ်ကို ငြီးငွေ့၍ စွဲမက်မှု ကင်းလျက် ချုပ်စေပြီးလျှင် မစွဲလမ်းမူ၍ ကိလေသာမှ လွတ်မြောက်ခဲ့မူ “မျက်မှောက်၌ နိဗ္ဗာန်သို့ ရောက်သော ရဟန်း”ဟု ဆိုထိုက်၏။ ရဟန်း ဝေဒနာကို။ပ။ သညာကို။ သင်္ခါရတို့ကို သိ၏။ပ။ ဝိညာဏ်ကို ငြီးငွေ့ရန်စွဲမက်မှု ကင်းရန် ချုပ်စေရန် တရားကို ဟောခဲ့မူ “ဓမ္မကထိကရဟန်း”ဟု ဆိုထိုက်၏။ ရဟန်းဝိညာဏ်ကို ငြီးငွေ့ ရန် စွဲမက်မှု ကင်းရန် ချုပ်စေရန် ကျင့်ခဲ့မူ “တရားအား လျော်သော အကျင့်ကိုကျင့်သော ရဟန်း”ဟု ဆိုထိုက်၏။ ရဟန်း ဝိညာဏ်ကို ငြီးငွေ့၍ စွဲမက်မှု ကင်းလျက် ချုပ်စေပြီးလျှင်မစွဲလမ်းမူ၍ ကိလေသာမှ လွတ်မြောက်ခဲ့မူ “မျက်မှောက်၌ နိဗ္ဗာန်သို့ ရောက်သော ရဟန်း”ဟု ဆိုထိုက်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။