သံယုတ္တနိကာယ်—၂၂

၂—အနိစ္စဝဂ်

၁—အနိစ္စသုတ်

၁၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— သာဝတ္ထိပြည်၌ ။ ထိုအခါ။ပ။ ရဟန်းတို့ ရုပ်သည် မမြဲ၊ ဝေဒနာသည် မမြဲ၊ သညာသည် မမြဲ၊ သင်္ခါရတို့သည် မမြဲကုန်၊ ဝိညာဏ်သည် မမြဲ။ ရဟန်းတို့ ဤသို့မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီး ငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော်တပ်မက်မှု ကင်း၏၊ တပ်မက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်၏၊ (ကိလေသာမှ) လွတ်သော် (ကိလေသာမှ) လွတ်ပြီ”ဟု အသိဉာဏ်ဖြစ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ‘မဂ်ကိစ္စ’အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု သိ၏”ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။