သံယုတ္တနိကာယ်—၂၂

(၁၃) ၃—အဝိဇ္ဇာဝဂ်

၁—သမုဒယဓမ္မသုတ်

၁၂၆။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား ‘အဝိဇ္ဇာ အဝိဇ္ဇာ’ဟု ဆိုအပ်ပါ၏၊ အဘယ်သည် အဝိဇ္ဇာပါနည်း၊ အဘယ်မျှဖြင့် အဝိဇ္ဇာသို့ ရောက်သူ ဖြစ်ပါသနည်း”ဟု ( ဤစကားကို လျှောက်၏)။

ရဟန်း ဤလောက၌ အကြားအမြင် မရှိသော ပုထုဇဉ်သည် ဖြစ်ခြင်းသဘောရှိသော ရုပ်ကို “ဖြစ်ခြင်းသဘောရှိသော ရုပ်”ဟုဟုတ်တိုင်းမှန်စွာ မသိ၊ ပျက်ခြင်းသဘောရှိသော ရုပ်ကို “ပျက်ခြင်းသဘောရှိသော ရုပ်”ဟုဟုတ်တိုင်းမှန်စွာ မသိ၊ ဖြစ်ခြင်းပျက်ခြင်းသဘောရှိသော ရုပ်ကို”ဖြစ်ခြင်းပျက်ခြင်းသဘော ရှိသော ရုပ်ဟု”ဟုတ်တိုင်းမှန်စွာ မသိ။ ဖြစ်ခြင်းသဘောရှိသော ဝေဒနာကို့”ဖြစ်ခြင်းသဘောရှိသော ဝေဒနာ”ဟုဟုတ်တိုင်းမှန်စွာ မသိ၊ ပျက်ခြင်းသဘောရှိသော ဝေဒနာကို”ပျက်ခြင်းသဘောရှိသော ဝေဒနာ”ဟုဟုတ်တိုင်းမှန်စွာ မသိ၊ ဖြစ်ခြင်းပျက်ခြင်းသဘောရှိသောဝေဒနာကို “ဖြစ်ခြင်းပျက်ခြင်းသဘောရှိသော ဝေဒနာ”ဟုဟုတ်တိုင်းမှန်စွာ မသိ။ ဖြစ်ခြင်းသဘောရှိသောသညာကို။ပ။ ဖြစ်ခြင်းသဘောရှိကုန်သော သင်္ခငါ်္ရတို့ကို “ဖြစ်ခြင်းသဘောရှိသော သင်္ခါရတို့”ဟုဟုတ်တိုင်းမှန်စွာ မသိ၊ ပျက်ခြင်းသဘောရှိကုန်သော သင်္ခါရတို့ကို “ပျက်ခြင်းသဘောရှိသောသင်္ခါရတို့ “ဟုဟုတ်တိုင်းမှန်စွာ မသိ၊ ဖြစ်ခြင်းပျက်ခြင်းသဘော ရှိကုန်သော သင်္ခါရတို့ကို”ဖြစ်ခြင်းပျက်ခြင်းသဘောရှိသော သင်္ခါရတို့”ဟုဟုတ်တိုင်းမှန်စွာ မသိ။ ဖြစ် ်ခြင်းသဘောရှိသောဝိညာဏ်ကို “ဖြစ်ခြင်းသဘောရှိသော ဝိညာဏ် “ဟုဟုတ်တိုင်းမှန်စွာ မသိ၊ ပျက်ခြင်း သဘောရှိသောဝိညာဏ်ကို “ပျက်ခြင်းသဘောရှိသော ဝိညာဏ် “ဟုဟုတ်တိုင်းမှန်စွာ မသိ၊ ဖြစ်ခြင်းပျက်ခြင်းသဘောရှိသော ဝိညာဏ်ကို “ဖြစ်ခြင်းပျက်ခြင်းသဘောရှိသော ဝိညာဏ် “ဟုဟုတ်တိုင်းမှန်စွာမသိ။ ရဟန်း ဤသည်ကို အဝိဇ္ဇာဟု ဆိုအပ်၏၊ ဤမျှဖြင့် အဝိဇ္ဇာသို့ ရောက်သူ ဖြစ်၏။

ဤသို့ မိန့်တော်မူသည်ရှိသော် ထိုရဟန်းသည် မြတ်စွာဘုရားအား “အသျှင်ဘုရား ‘ဝိဇ္ဇာ ဝိဇ္ဇာ’ဟုဆိုအပ်ပါ၏၊ အဘယ်သည် ဝိဇ္ဇာပါနည်း၊ အဘယ်မျှဖြင့် ဝိဇ္ဇာသို့ ရောက်သူ ဖြစ်ပါသနည်း”ဟု (လျှောက်၏)။

ရဟန်း ဤလောက၌ အကြားအမြင်ရှိသော အရိယာတပည့်သည် ဖြစ်ခြင်းသဘောရှိသော ရုပ်ကို”ဖြစ်ခြင်းသဘောရှိသော ရုပ် “ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ပျက်ခြင်းသဘောရှိသော ရုပ်ကို “ပျက်ခြင်းသဘောရှိသော ရုပ် “ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ဖြစ်ခြင်းပျက်ခြင်းသဘောရှိသော ရုပ်ကို “ဖြစ်ခြင်းပျက်ခြင်းသဘောရှိသော ရုပ် “ဟုဟုတ်တိုင်းမှန်စွာ သိ၏။ ဖြစ်ခြင်းသဘောရှိသော ဝေဒနာကို “ဖြစ်ခြင်းသဘောရှိသော ဝေဒနာ “ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ပျက်ခြင်းသဘောရှိသော ဝေဒနာကို “ပျက်ခြင်းသဘောရှိသော ဝေဒနာ”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ဖြစ်ခြင်းပျက်ခြင်းသဘောရှိသော ဝေဒနာကို”ဖြစ်ခြင်း ပျက်ခြင်းသဘောရှိသော ဝေဒနာ”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ ဖြစ်ခြင်းသဘောရှိသောသညာကို။ပ။ ဖြစ် ခြင်းသဘောရှိကုန်သော သင်္ခါရတို့ကို “ဖြစ်ခြင်းသဘောရှိသော သင်္ခါရတို့”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ပျက် ခြင်းသဘောရှိကုန်သော သင်္ခါရတို့ကို “ပျက်ခြင်းသဘောရှိသောသင်္ခါရတို့”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ဖြစ် ခြင်းပျက်ခြင်းသဘောရှိကုန်သော သင်္ခါရတို့ကို”ဖြစ်ခြင်းပျက်ခြင်းသဘောရှိသော သင်္ခါရတို့”ဟုဟုတ်တိုင်း မှန်စွာ သိ၏။ ဖြစ်ခြင်းသဘောရှိသောဝိညာဏ်ကို “ဖြစ်ခြင်းသဘောရှိသော ဝိညာဏ်”ဟုဟုတ်တိုင်း မှန်စွာ သိ၏၊ ပျက်ခြင်းသဘောရှိသောဝိညာဏ်ကို “ပျက်ခြင်းသဘောရှိသော ဝိညာဏ်”ဟုဟုတ်တိုင်း မှန်စွာ သိ၏၊ ဖြစ်ခြင်းပျက်ခြင်းသဘောရှိသော ဝိညာဏ်ကို “ဖြစ်ခြင်းပျက်ခြင်းသဘောရှိသော ဝိညာဏ်”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ရဟန်း ဤသည်ကို ဝိဇ္ဇာဟု ဆိုအပ်၏၊ ဤမျှဖြင့်လည်း ဝိဇ္ဇာသို့ ရောက်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။