သံယုတ္တနိကာယ်—၂၂

(၁၄) ၄—ကုက္ကုဠဝဂ်

၁၁—နိဗ္ဗိဒါ ဗဟုလသုတ်

၁၄၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ယုံကြည်၍ ရဟန်းပြုသော အမျိုးကောင်းသားအား ဤတရားအစဉ်သည် ဖြစ်၏၊ ရုပ်၌ ငြီးငွေ့ခြင်းများသည် ဖြစ်၍ နေရာ၏။ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ ။ ဝိညာဏ်၌ ငြီးငွေ့ခြင်းများသည် ဖြစ်၍ နေရာ၏။ ရုပ်၌ ငြီးငွေ့ခြင်းများသည် ဖြစ်၍ နေလျှင်။ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ ။ ဝိညာဏ်၌ ငြီးငွေ့ခြင်းများသည် ဖြစ်၍ နေလျှင် ရုပ်ကို ပိုင်းခြားသိ၏။

ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို ပိုင်းခြားသိ၏။ ထိုသူသည် ရုပ်ကို ပိုင်းခြားသိလျှင်။ ဝေဒနာကို ပိုင်းခြားသိလျှင်။ သညာကို ပိုင်းခြားသိလျှင်။ သင်္ခါရတို့ကို ပိုင်းခြားသိလျှင်။ ဝိညာဏ်ကို့ပိုင်းခြားသိလျှင် ထိုသူသည် ရုပ်မှ လွတ်၏၊ ဝေဒနာမှ လွတ်၏၊ သညာမှ လွတ်၏၊ သင်္ခါရတို့မှလွတ်၏၊ ဝိညာဏ်မှ လွတ်၏၊ “ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှု တို့မှ လွတ်၏၊ ဆင်းရဲအပေါင်းမှ လွတ်၏”ဟု ငါ ဆို၏ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။