သံယုတ္တနိကာယ်—၂၂
(၁၄) ၄—ကုက္ကုဠဝဂ်
၁၄—အနတ္တာနုပဿီသုတ်
၁၄၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ယုံကြည်၍ ရဟန်းပြုသာ အမျိုးကောင်းသားအား ဤတရားအစဉ်သည် ဖြစ်၏၊ ရုပ်၌ ကိုယ် ‘အတ္တ’ မဟုတ်ဟု အစဉ်ရှု၍ နေရာ၏။ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ ။ ဝိညာဏ်၌ ကိုယ်’အတ္တ’ မဟုတ်ဟု အစဉ်ရှု၍ နေရာ၏။ ရုပ်၌ ကိုယ်’အတ္တ’ မဟုတ်ဟုအစဉ်ရှု၍ နေလျှင်။ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ ။ ဝိညာဏ်၌ ကိုယ်’အတ္တ’ မဟုတ်ဟု အစဉ်ရှု၍ နေလျှင် ရုပ်ကို ပိုင်းခြား သိ၏၊ ဝေဒနာကို။ပ။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို ပိုင်းခြားသိ၏၊ ထိုသူသည် ရုပ်ကို ပိုင်းခြား သိလျှင်။ ဝေဒနာကို ပိုင်းခြားသိလျှင်။ သညာကို ပိုင်းခြားသိလျှင်။ သင်္ခါရတို့ကို ပိုင်းခြားသိလျှင်။ ဝိညာဏ်ကို ပိုင်းခြားသိလျှင် ရုပ်မှ လွတ်၏၊ ဝေဒနာမှ လွတ်၏၊ သညာမှ လွတ်၏၊ သင်္ခါရတို့မှ လွတ်၏၊ ဝိညာဏ်မှ လွတ်၏။ “ပဋိသန္ဓေနေမှု အိုမှု သေမှုစိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့မှ လွတ်၏။ ဆင်းရဲအပေါင်းမှလွတ်၏ “ဟု ငါ ဆို၏ဟု (မိန့်တော်မူ၏)။
စုဒ္ဒသမသုတ်။
လေးခုမြောက် ကုက္ကုဠဝဂ် ပြီး၏။