သံယုတ္တနိကာယ်—၂၂

၂—အနိစ္စဝဂ်

၄—ယဒနိစ္စသုတ်

၁၅။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်သည် မမြဲ၊ မမြဲသော ရုပ်သည် ဆင်းရဲ၏၊ ဆင်းရဲသော ရုပ်သည်အတ္တမဟုတ်၊ အတ္တမဟုတ်သော ရုပ်ကို “ ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ အတ္တမဟုတ်”ဟု ဤသို့ဟုတ်မှန်သည့်အတိုင်း မှန်ကန်သော ပညာဖြင့် ရှုရမည်။ ဝေဒနာသည် မမြဲ၊ မမြဲသော ဝေဒနာသည် ဆင်းရဲ၏၊ ဆင်းရဲသော ဝေဒနာသည် အတ္တမဟုတ်၊ အတ္တမဟုတ်သော ဝေဒနာကို “ ဤဝေဒနာသည် ငါ့ဥစ္စာ မဟုတ်၊ ဤဝေဒနာသည် ငါ မဟုတ်၊ ဤဝေဒနာသည်ငါ၏ အတ္တမဟုတ်”ဟု ဤသို့ဟုတ်မှန်သည့်အတိုင်း မှန်ကန်သော ပညာဖြင့် ရှုရမည်။ သညာသည် မမြဲ။ပ။ သင်္ခါရတို့သည် မမြဲကုန်။ ဝိညာဏ်သည် မမြဲ၊ မမြဲသော ဝိညာဏ်သည် ဆင်းရဲ၏၊ ဆင်းရဲသောဝိညာဏ်သည် အတ္တမဟုတ်၊ အတ္တမဟုတ်သော ဝိညာဏ်ကို “ ဤဝိညာဏ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည် ငါ၏ အတ္တမဟုတ်”ဟု ဤသို့ဟုတ်မှန်သည့်အတိုင်းမှန်ကန် သော ပညာဖြင့် ရှုရမည်၊ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စမရှိတော့ ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။