သံယုတ္တနိကာယ်—၂၂

၂—အနိစ္စဝဂ်

၉—သဟေတုအနတ္တသုတ်

၂ဝ။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊ ရုပ်ဖြစ်ပေါ်ခြင်း၏ အကြောင်း အထောက် အပံ့သည်လည်း အတ္တမဟုတ်၊ ရဟန်းတို့ အတ္တမဟုတ်သော အကြောင်းကြောင့် ဖြစ်ပေါ်လာသော ရုပ်သည်အဘယ်မှာ အတ္တဖြစ်လိမ့်မည်နည်း။ ဝေဒနာသည် အတ္တမဟုတ်။ သညာသည် အတ္တမဟုတ်။ သင်္ခါရတို့သည် အတ္တမဟုတ်ကုန်။ ဝိညာဏ်သည် အတ္တမဟုတ်၊ ဝိညာဏ်ဖြစ်ပေါ်ခြင်း၏ အကြောင်းအထောက်အပံ့သည်လည်း အတ္တမဟုတ်၊ ရဟန်းတို့ အတ္တမဟုတ်သော အကြောင်းကြောင့်ဖြစ်ပေါ်လာသော ဝိညာဏ်သည် အဘယ်မှာ အတ္တဖြစ်လိမ့်မည်နည်း။ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟုသိ၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။