သံယုတ္တနိကာယ်—၂၂

၃—ဘာရဝဂ်

၈—အဘိနန္ဒနသုတ်

၂၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်ကို နှစ်သက်သော သူသည် ဆင်းရဲကို နှစ်သက်သည် မည်၏။

ဆင်းရဲကို နှစ်သက်သော သူသည် “ဆင်းရဲမှ မလွတ်သေး”ဟူ၍ (ငါ) ဆို၏။ ဝေဒနာကို နှစ်သက်သောသူသည်။ သညာကို နှစ်သက်သော သူသည်။ သင်္ခါရတို့ကို နှစ်သက်သော သူသည်။ ဝိညာဏ်ကို နှစ်သက်သော သူသည် ဆင်းရဲကို နှစ်သက်သည် မည်၏။ ဆင်းရဲကို နှစ်သက်သော သူသည် “ဆင်းရဲမှ မလွတ်သေး”ဟူ၍ (ငါ) ဆို၏။

ရဟန်းတို့ ရုပ်ကို မနှစ်သက်သော သူသည် ဆင်းရဲကို မနှစ်သက်။ ဆင်းရဲကို မနှစ်သက်သော သူသည်”ဆင်းရဲမှ လွတ်၏ “ဟူ၍ (ငါ) ဆို၏။ ဝေဒနာကို မနှစ်သက်သော သူသည်။ သညာကို မနှစ် သက်သောသူသည်။ သင်္ခါရတို့ကို မနှစ်သက်သော သူသည်။ ဝိညာဏ်ကို မနှစ်သက်သော သူသည် ဆင်းရဲကိုမနှစ်သက်။ ဆင်းရဲကို မနှစ်သက်သော သူသည် “ဆင်းရဲမှ လွတ်၏ “ဟု (ငါ) ဆို၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။