သံယုတ္တနိကာယ်—၂၂
၄—နတုမှာကဝဂ်
၈—ဒုတိယ အနုဓမ္မသုတ်
၄ဝ။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လောကုတ္တရာတရားအား လျော်သော အကျင့်ကို ကျင့်လေ့ရှိသောရဟန်းအား ဤတရားစဉ်သည် ဖြစ်၏၊ “ရုပ်၌ မမြဲဟု အစဉ်ရှုလေ့ရှိသည် ဖြစ်၍ နေရာ၏။ပ။ ဆင်းရဲအပေါင်းမှ လွတ်၏”ဟု (ငါ) ဟော၏။
အဋ္ဌမသုတ်။