သံယုတ္တနိကာယ်—၂၂
(၈) ၃—ခဇ္ဇနီယဝဂ်
၅—ဒုတိယ အရဟန္တသုတ်
၇၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်သည် မမြဲ၊ မမြဲသော ရုပ်သည် ဆင်းရဲ၏၊ ဆင်းရဲသော ရုပ်သည်ကိုယ် ‘အတ္တ ‘ မဟုတ်၊ကိုယ် ‘အတ္တ ‘ မဟုတ်သော ရုပ်ကို “ ဤရုပ်သည် ငါ၏ ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ် ‘အတ္တ ‘ မဟုတ် “ဟု။ပ။ ဤသို့ဟုတ်တိုင်းမှန်စွာမှန်ကန်သော ပညာဖြင့် ရှုရမည်။
ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း။ သင်္ခါရတို့၌လည်း။ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော်စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် “လွတ်မြောက်ပြီ”ဟု အသိဉာဏ်သည် ဖြစ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကိုကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ “ဟုသိ၏။ ရဟန်းတို့ ထိုရဟန္တာတို့သည် သတ္တဝါတို့၏ နေရာရှိသမျှ ဘဝဂ်တိုင်အောင် လောက၌ အမြတ်ဆုံး ဖြစ်ကုန်၏၊ အချီးမွမ်းထိုက်ဆုံး ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။