သံယုတ္တနိကာယ်—၂၃

၄—ဥပနိသိန္နဝဂ်

၁၂—နိရောဓ ဓမ္မသုတ်

၂ဝ၅။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်ရာဓအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—ရာဓ ချုပ်ခြင်းသဘောတရား၌ လိုချင်မှု ‘ဆန္ဒ’ကို စွဲမက်မှု ‘ရာဂ’ကို လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို သင် ပယ်ရမည်။ ရာဓ အဘယ်သည် ချုပ်ခြင်းသဘောနည်း။ ရာဓ ရုပ်သည် ချုပ်ခြင်းသဘောတည်း။ ထိုရုပ်၌ လိုချင်မှု ‘ဆန္ဒ’ကို စွဲမက်မှု ‘ရာဂ’ကို လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို သင် ပယ်ရမည်။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် ချုပ်ခြင်းသဘောတည်း၊ ထိုချုပ်ခြင်းသဘော၌ လိုချင်မှု ‘ဆန္ဒ’ကို စွဲမက်မှု ‘ရာဂ’ကို လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို သင် ပယ်ရမည်။ ရာဓ ချုပ်ခြင်းသဘောတရား၌ လိုချင်မှု’ဆန္ဒ’ကို စွဲမက်မှု ‘ရာဂ’ကို လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို သင် ပယ်ရမည်ဟု (မိန့်တော်မူ၏)။

လေးခုမြောက် ဥပနိသိန္နဝဂ် ပြီး၏။

ရာဓသံယုတ် ပြီး၏။