သံယုတ္တနိကာယ်—၂၅

၄—သမ္ဖဿသုတ်

၃ဝ၅။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ မျက်စိအတွေ့သည် မမြဲ၊ ဖောက်ပြန်တတ်၏၊ တစ်မျိုးတစ်ဖုံဖြစ်တတ်၏။ နားအတွေ့သည်။ နှာခေါင်းအတွေ့သည်။ လျှာအတွေ့သည်။ကိုယ်အတွေ့သည်။ စိတ်အတွေ့သည် မမြဲ၊ ဖောက်ပြန်တတ်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်တတ်၏။ ရဟန်းတို့ ဤတရားတို့ကို ဤသို့ ယုံကြည် သက်ဝင်သူကို သဒ္ဓါသို့ အစဉ်လျှောက်၍ ။ပ။ အထက်မဂ်သုံးပါးလျှင် လားရာရှိသောသောတာပန်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။