သံယုတ္တနိကာယ်—၂၅

၅—သမ္ဖဿဇာသုတ်

၃ဝ၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ မျက်စိအတွေ့ကြောင့် ဖြစ်သော ဝေဒနာသည် မမြဲ၊ ဖောက်ပြန်တတ်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်တတ်၏။ နားအတွေ့ကြောင့် ဖြစ်သော ဝေဒနာသည်။ပ။ နှာခေါင်းအတွေ့ကြောင့် ဖြစ်သော ဝေဒနာသည်။ပ။ လျှာအတွေ့ကြောင့် ဖြစ်သော ဝေဒနာသည်။ပ။ကိုယ်အတွေ့ကြောင့်ဖြစ်သော ဝေဒနာသည်။ပ။ စိတ်အတွေ့ကြောင့် ဖြစ်သော ဝေဒနာသည် မမြဲ၊ ဖောက်ပြန်တတ်၏၊ တစ်မျိုး တစ်ဖုံ ဖြစ်တတ်၏။ ရဟန်းတို့ ဤတရားတို့ကို ဤသို့ ယုံကြည်သက်ဝင်သူကို သဒ္ဓါသို့အစဉ်လျှောက်၍ ။ပ။ အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။