သံယုတ္တနိကာယ်—၂၅

၆—ရူပသညာသုတ်သုတ်

၃ဝ၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဆင်း၌ ဖြစ်သော မှတ်သားမှု ‘သညာ’သည် မမြဲ၊ ဖောက်ပြန်တတ်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်တတ်၏။ အသံ၌ ဖြစ်သော မှတ်သားမှု ‘သညာ’သည်။ အနံ့၌ ဖြစ်သောမှတ်သားမှု ‘သညာ’သည်။ အရသာ၌ ဖြစ်သော မှတ်သားမှု’သညာ’သည်။ အတွေ့၌ ဖြစ်သော မှတ်သားမှု’သညာ’သည်။ သဘောတရား၌ ဖြစ်သော မှတ်သားမှု ‘သညာ’သည် မမြဲ၊ ဖောက်ပြန်တတ်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်တတ်၏။ ရဟန်းတို့ ဤတရားတို့ကို ဤသို့ ယုံကြည်သက်ဝင်သူကို သဒ္ဓါသို့ အစဉ်လျှောက်၍ ။ပ။ အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။