သံယုတ္တနိကာယ်—၂၅

၈—ရူပတဏှာသုတ်

၃ဝ၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဆင်း၌ တပ်မက်မှု ‘တဏှာ’သည် မမြဲ၊ ဖောက်ပြန်တတ်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်တတ်၏။ အသံ၌ တပ်မက်မှု’တဏှာ’သည်။ အနံ့၌ တပ်မက်မှု’တဏှာ’သည်။ အရသာ၌ တပ်မက်မှု ‘တဏှာ’သည်။ အတွေ့၌ တပ်မက်မှု ‘တဏှာ’သည်။ သဘောတရား၌ တပ်မက်မှု ‘တဏှာ’သည်မမြဲ၊ ဖောက်ပြန်တတ်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်တတ်၏။ ရဟန်းတို့ ဤတရားတို့ကို ဤသို့ ယုံကြည်သက်ဝင်သူကို သဒ္ဓါသို့ အစဉ်လျှောက်၍ ။ပ။ အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။