သံယုတ္တနိကာယ်—၂၅

၉—ပထဝီဓာတုသုတ်

၃၁ဝ။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ မြေဓာတ်သည် မမြဲ၊ ဖောက်ပြန်တတ်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်တတ်၏။ ရေဓာတ်သည်။ မီးဓာတ်သည်။ လေဓာတ်သည်။ ကောင်းကင်ဓာတ်သည်။ ဝိညာဏ်ဓာတ်သည် မမြဲ၊ ဖောက်ပြန်တတ်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်တတ်၏။ ရဟန်းတို့ ဤတရားတို့ကို ဤသို့ ယုံကြည်သက်ဝင် သူကို သဒ္ဓါသို့ အစဉ်လျှောက်၍ ။ပ။ အထက်မဂ်သုံးပါးလျှင် လားရာရှိသောသောတာပန်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။