သံယုတ္တနိကာယ်—၂၆

၆—သညာသုတ်

၃၁၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဆင်း၌ မှတ်သားမှု ‘သညာ’၏ စ၍ ဖြစ်မှု တည်တံ့မှုသည်။ပ။ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်ပေါ်မှု မည်၏။ပ။ သဘောတရား၌ မှတ်သားမှု ‘သညာ’၏ စ၍ ဖြစ်မှု၊ တည်တံ့မှု၊ အသစ်ဖြစ်ပေါ်မှု၊ ထင်ရှားဖြစ်ပေါ်မှုသည် ဆင်းရဲ၏ စ၍ ဖြစ်မှု၊ ရောဂါတို့၏ တည်တံ့မှု၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်ပေါ်မှု မည်၏။

ရဟန်းတို့ အဆင်း၌ မှတ်သားမှု ‘သညာ’၏ ချုပ်မှုသည်။ပ။ အိုခြင်း သေခြင်း၏ ကွယ်ပျောက်မှုမည်၏။ပ။ သဘောတရားတို့၌ မှတ်သားမှု ‘သညာ’၏ ချုပ်မှု ငြိမ်းမှု ကွယ်ပျောက်မှုသည် ဆင်းရဲ၏ချုပ်မှု၊ ရောဂါတို့၏ငြိမ်းမှု၊ အိုခြင်း သေခြင်း၏ ကွယ်ပျောက်မှု မည်၏ဟု (ဟောတော်မူ၏)။

ဆဋ္ဌသုတ်။