သံယုတ္တနိကာယ်—၂၆

၈—တဏှာသုတ်

၃၁၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဆင်း၌ တပ်မက်မှု’တဏှာ’၏ စ၍ ဖြစ်မှု တည်တံ့မှုသည်။ပ။ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်ပေါ်မှု မည်၏။ပ။ သဘောတရား၌ တပ်မက်မှု ‘တဏှာ’၏ စ၍ ဖြစ်မှု၊ တည်တံ့မှု၊ အသစ်ဖြစ်ပေါ်မှု၊ ထင်ရှားဖြစ်ပေါ်မှုသည် ဆင်းရဲ၏ စ၍ ဖြစ်မှု၊ ရောဂါတို့၏ တည်တံ့မှု၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်ပေါ်မှု မည်၏။

ရဟန်းတို့ အဆင်း၌ တပ်မက်မှု ‘တဏှာ’၏ ချုပ်မှုသည်။ပ။ အိုခြင်း သေခြင်း၏ ကွယ်ပျောက်မှုမည်၏။ပ။ သဘောတရားတို့၌ တပ်မက်မှု’တဏှာ’၏ ချုပ်မှု ငြိမ်းမှု ကွယ်ပျောက်မှုသည်ဆင်းရဲ၏ ချုပ်မှု၊ ရောဂါတို့၏ငြိမ်းမှု၊ အိုခြင်း သေခြင်း၏ ကွယ်ပျောက်မှု မည်၏ဟု (ဟောတော်မူ၏)။

အဋ္ဌမသုတ်။