သံယုတ္တနိကာယ်—၂၈

၅—အာကာသာနဉ္စာယတနသုတ်

၃၃၆။ သာဝတ္ထိနိဒါန်း။ အသျှင်အာနန္ဒာသည် အသျှင်သာရိပုတြာကို မြင်၍ ။ပ။ ငါ့သျှင် ငါသည် ရူပသညာအားလုံးကို လွန်မြောက်ခြင်းကြောင့် ပဋိဃသညာတို့၏ ချုပ်ခြင်းကြောင့် နာနတ္တသညာတို့ကို နှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်သည် အဆုံး မရှိ “ဟု စီးဖြန်း၍ ရသော အာကာသာနဉ္စာယတနဈာန်ကိုပြည့်စုံစေ၍ နေ၏။ပ။ ထခဲ့၏ဟူ၍လည်းကောင်း ဤသို့ စိတ်အကြံ မဖြစ်နိုင်တော့ချေဟု (မိန့်ဆို၏)။

ပဉ္စမသုတ်။