သံယုတ္တနိကာယ်—၂၉

၁—သုဒ္ဓိကသုတ်

၃၄၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ နဂါးမျိုးတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်း — ဥ၌ ဖြစ်သော ‘အဏ္ဍဇ ‘ နဂါး၊ သားအိမ်၌ ဖြစ်သော ‘ဇလာဗုဇ ‘ နဂါး၊ အညစ်အကြေးတို့၌ ဖြစ်သော ‘သံသေဒဇ ‘ နဂါး၊ကိုယ်ထင်ရှားဖြစ်သော ‘ သြပပါတိက ‘ နဂါးတို့တည်း။ ရဟန်းတို့ နဂါးမျိုးတို့သည် ဤလေးမျိုးတို့တည်းဟု (ဟောတော်မူ၏)။

ပဌမသုတ်။