သံယုတ္တနိကာယ်—၂၉

၂၁—၅ဝ—ဇလာဗုဇာဒိဒါနူပကာရသုတ် သုံးဆယ်

၃၆၂—၃၉၁။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ထိုရဟန်းသည် မြတ်စွာဘုရား အား”အသျှင်ဘုရား ဤလောက၌ အချို့သောသူ၏ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ဇလာဗုဇနဂါးတို့၏။ပ။ သံသေဒဇနဂါးတို့၏။ပ။ သြပပါတိကနဂါးတို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရခြင်း၏အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း”ဟု ဤစကားကို လျှောက်၏။

ရဟန်း ဤလောက၌ အချို့သော သူသည်ကိုယ်ဖြင့် နှစ်မျိုးသော ကံကို ပြု၏၊ နှုတ်ဖြင့် နှစ်မျိုးသော ကံကို ပြု၏၊ စိတ်ဖြင့် နှစ်မျိုးသော ကံကို ပြု၏၊ ထိုသူသည် “သြပပါတိကနဂါးတို့သည် အသက်ရှည်ကုန်၏၊ အဆင်းလှကုန်၏၊ ချမ်းသာများကုန်၏ “ဟု ကြားအပ်ဖူး၏။ ထိုသူအား “ငါသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ သြပပါတိကနဂါးတို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရမူကောင်းလေစွ”ဟု ဤသို့ အကြံ ဖြစ်၏။ ထိုသူသည် ထမင်းကို ပေးလှူ၏။ပ။ အဖျော်ကို ပေးလှူ၏။ပ။ ဆီမီးကို ပေး လှူ၏။ပ။ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ သြပပါတိကနဂါးတို့၏အသင်းဝင် အဖြစ်သို့ ရောက်ရ၏။

ရဟန်း ဤလောက၌ အချို့သော သူ၏ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ သြပပါတိကနဂါးတို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

[ဤပေယျာလဖြင့် ဆယ်သုတ် ဆယ်သုတ်တို့ကို ပြုအပ်ကုန်၏၊ ဤသို့လျှင် ယောနိလေးပါးတို့၌ အဖြေလေးဆယ်တို့ ဖြစ်ကုန်၏၊ ရှေးဆယ်သုတ်တို့နှင့်တကွ သုတ်ပေါင်း ငါးဆယ် ဖြစ်၏။]

နာဂသံယုတ် ပြီး၏။