သံယုတ္တနိကာယ်—၂၉

၄—ဒုတိယ ဥပေါသထသုတ်

၃၄၅။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီး၍ မြတ်စွာဘုရားအား “အသျှင်ဘုရား ဤလောက၌ အချို့သော ဇလာဗုဇနဂါးတို့ ဥပုသ်ကျင့်သုံးကြကာကိုယ်ကို စွန့်ထားခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း “ဟု ဤစကားကို လျှောက်၏။ [အားလုံးကို ချဲ့ရမည်]။

ရဟန်း ဤလောက၌ အချို့သော ဇလာဗုဇနဂါးတို့ ဥပုသ်ကျင့်သုံးကြကာကိုယ်ကို စွန့်ထားခြင်း၏အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်းဟု (ဟောတော်မူ၏)။

စတုတ္ထသုတ်။