သံယုတ္တနိကာယ်—၂၉

၅—တတိယ ဥပေါသထသုတ်

၃၄၆။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ထိုရဟန်းသည် မြတ်စွာဘုရားအား”အသျှင်ဘုရား ဤလောက၌ အချို့သော သံသေဒဇနဂါးတို့ ဥပုသ်ကျင့်သုံးကြကာကိုယ်ကို စွန့်ထားခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း “ဟု ဤစကားကို လျှောက်၏။

[အားလုံးကို ချဲ့ရမည်]။

ရဟန်း ဤလောက၌ အချို့သော သံသေဒဇနဂါးတို့ ဥပုသ်ကျင့်သုံးကြကာကိုယ်ကို စွန့်ထားခြင်း၏အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်းဟု (ဟောတော်မူ၏)။

ပဉ္စမသုတ်။