သံယုတ္တနိကာယ်—၂၉

၇—သုတသုတ်

၃၄၈။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ထိုရဟန်းသည် မြတ်စွာဘုရားအား”အသျှင်ဘုရား ဤလောက၌ အချို့သော သူ၏ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ အဏ္ဍဇနဂါးတို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကားအဘယ် ပါနည်း “ဟု ဤစကားကို လျှောက်၏။

ရဟန်း ဤလောက၌ အချို့သော သူသည်ကိုယ်ဖြင့် နှစ်မျိုးသော ကံကို ပြု၏၊ နှုတ်ဖြင့် နှစ်မျိုးသော ကံကို ပြု၏၊ စိတ်ဖြင့် နှစ်မျိုးသော ကံကို ပြု၏၊ ထိုသူသည် “အဏ္ဍဇနဂါးတို့ကား အသက်ရှည်ကြ၏၊ အဆင်းလှကြ၏၊ ချမ်းသာများကြ၏ “ဟု ကြားအပ်ဖူး၏။ ထိုသူအား “ငါသည် ခန္ဓာကိုယ့်ပျက်စီး၍ သေပြီးသည်မှ နောက်၌ အဏ္ဍဇနဂါးတို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု ဤသို့ အကြံဖြစ်၏၊ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ အဏ္ဍဇနဂါးတို့၏အသင်းဝင် အဖြစ်သို့ ရောက်ရ၏။

ရဟန်း ဤလောက၌ အချို့သော သူ၏ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ အဏ္ဍဇနဂါးတို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်းဟု (ဟောတော်မူ၏)။

သတ္တမသုတ်။