သံယုတ္တနိကာယ်—၃ဝ

၁—သုဒ္ဓိကသုတ်

၃၉၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဂဠုန်မျိုးတို့သည် ဤလေးမျိုးတည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ဥ၌ ဖြစ်သော ‘အဏ္ဍဇ’ ဂဠုန်၊ သားအိမ်၌ ဖြစ်သော ‘ဇလာဗုဇ’ ဂဠုန်၊ အညစ်အကြေးတို့၌ ဖြစ်သော ‘သံသေဒဇ’ ဂဠုန်၊ကိုယ်ထင်ရှားဖြစ်သော ‘သြပပါတိက’ ဂဠုန်တို့တည်း။ ရဟန်းတို့ ဂဠုန်တို့သည် ဤလေးမျိုးတို့တည်းဟု (ဟောတော်မူ၏)။

ပဌမသုတ်။