သံယုတ္တနိကာယ်—၃၄

၁၅—သမာပတ္တိမူလကဂေါစရသုတ်

၆၇၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဈာန်ရသူတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ—ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်ဝင်စားမှု၌သာ လိမ္မာ၏၊ ဈာန်၏ကျက်စားရာ (အာရုံ) တို့၌ မလိမ္မာ။ ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်၏ ကျက်စားရာ (အာရုံ) တို့၌ သာ လိမ္မာ၏၊ ဈာန်ဝင်စားမှု၌ မလိမ္မာ။ ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်ဝင်စားမှု၌လည်း မလိမ္မာ၊ ဈာန်၏ ကျက်စားရာ (အာရုံ) တို့၌လည်း မလိမ္မာ။ ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်ဝင်စားမှု၌လည်း လိမ္မာ၏၊ ဈာန်၏ ကျက်စားရာ (အာရုံ) တို့၌လည်း လိမ္မာ၏။

ရဟန်းတို့ ထိုလေးမျိုးတို့တွင်။ပ။ အမွန်ဆုံး ဖြစ်၏ဟု (မိန့်တော်မူ၏)။

ပန္နရသမသုတ်။