သံယုတ္တနိကာယ်—၃၄

၁၇—သမာပတ္တိမူလကသက္ကစ္စသုတ်

၆၇၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဈာန်ရသူတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုး့တို့နည်းဟူမူ—ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်ဝင်စားမှု၌သာ လိမ္မာ၏၊ ဈာန်ကိုအရိုအသေ ပြုလေ့မရှိ။ ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်ကိုသာ အရိုအသေပြုလေ့ရှိ၏၊ ဈာန်ဝင်စားမှု၌ မလိမ္မာ။ ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်ဝင်စားမှု၌လည်း မလိမ္မာ၊ ဈာန်ကို အရိုအသေလည်း ပြုလေ့မရှိ။ ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်ဝင်စားမှု၌လည်း လိမ္မာ၏၊ ဈာန်ကို အရိုအသေလည်း ပြုလေ့ရှိ၏။

ရဟန်းတို့ ထိုလေးမျိုးတို့တွင်။ပ။ အမွန်ဆုံး ဖြစ်၏ဟု (မိန့်တော်မူ၏)။

သတ္တရသမသုတ်။