သံယုတ္တနိကာယ်—၃၄

၂၈—၃၄—ဝုဋ္ဌာနမူလကကလ္လိတသုတ်စသော ခုနစ်သုတ်

၆၈၉—၆၉၅။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဈာန်ရသူတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်မှ ထမှု၌သာ လိမ္မာ၏၊ ဈာန်ကို ခံ့အောင် ပြုမှု၌ မလိမ္မာ။ ဈာန်ကို ခံ့အောင် ပြုမှု၌သာ လိမ္မာ၏၊ ဈာန်မှ ထမှု၌ မလိမ္မာ။ ဈာန်မှ ထမှု၌လည်း မလိမ္မာ၊ ဈာန်ကို ခံ့အောင် ပြုမှု၌လည်း မလိမ္မာ။ ဈာန်မှ ထမှု၌လည်း လိမ္မာ၏၊ ဈာန်ကို ခံ့အောင် ပြုမှု၌လည်း လိမ္မာ၏။

ရဟန်းတို့ ထိုလေးမျိုးတို့တွင်။ပ။ အလွန်ဆုံး ဖြစ်၏၊ အမွန်ဆုံး ဖြစ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌဝီသတိမသုတ်။

[ရှေးမူလကတို့ကဲ့သို့ သုံးဆယ့်လေးသုတ်မြောက် ဝုဋ္ဌာနမူလကသပ္ပါယကာရီသုတ် တိုင်အောင် ခုနစ်သုတ်တို့ကို ဖြည့်စွက်အပ်ကုန်၏။ ဝုဋ္ဌာနမူလက ပြီး၏။]