သံယုတ္တနိကာယ်—၃၄

၃—သမာဓိမူလကဝုဋ္ဌာနသုတ်

၆၆၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဈာန်ရသူတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်၌ သာ လိမ္မာ၏၊ ဈာန်မှ ထမှု၌ မလိမ္မာ။ ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်မှ ထမှု၌သာ လိမ္မာ၏၊ ဈာန်၌ မလိမ္မာ။ ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်၌လည်း မလိမ္မာ၊ ဈာန်မှ ထမှု၌လည်း မလိမ္မာ။ ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်၌လည်း လိမ္မာ၏၊ ဈာန်မှထမှု၌လည်း လိမ္မာ၏။

ရဟန်းတို့ ထိုလေးမျိုးတို့တွင် ဈာန်၌လည်း လိမ္မာ၊ ဈာန်မှ ထမှု၌လည်း လိမ္မာသူသည် အထက် ဆုံးဖြစ်၏၊ အမြတ်ဆုံး ဖြစ်၏၊ အကြီးဆုံး ဖြစ်၏၊ အလွန်ဆုံး ဖြစ်၏၊ အမွန်ဆုံး ဖြစ်၏။

ရဟန်းတို့ ဥပမာသော်ကား နွားမထက် နို့ကို။ပ။ အမွန်ဆုံး ဖြစ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။