သံယုတ္တနိကာယ်—၃၄

၃၅—၄ဝ—ကလ္လိတမူလကအာရမ္မဏသုတ်စသော ခြောက်သုတ်

၆၉၆—၇ဝ၁။ သာဝတ္ထိနိဒါန်း။ ဈာန်ကို ခံ့အောင် ပြုမှု၌သာ လိမ္မာ၏၊ ဈာန်၏ ကသိုဏ်း (အာရုံ) တို့၌ မလိမ္မာ။ ဈာန်၏ ကသိုဏ်း (အာရုံ) တို့၌ သာ လိမ္မာ၏၊ ဈာန်ကို ခံ့အောင် ပြုမှု၌ မလိမ္မာ။ ဈာန်ကိုခံ့အောင် ပြုမှု၌လည်း မလိမ္မာ၊ ဈာန်၏ ကသိုဏ်း (အာရုံ) တို့၌လည်း မလိမ္မာ။ ဈာန်ကို ခံ့အောင်ပြုမှု၌လည်း လိမ္မာ၏၊ ဈာန်၏ ကသိုဏ်း (အာရုံ) တို့၌လည်း လိမ္မာ၏။

ရဟန်းတို့ ထိုလေးမျိုးတို့တွင်။ပ။ အလွန်ဆုံး ဖြစ်၏၊ အမွန်ဆုံး ဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စတိံသတိမသုတ်။

[ရှေးမူလကတို့ကဲ့သို့ လေးဆယ်မြောက် ကလ္လိတမူလကသပ္ပါယကာရီသုတ်တိုင်အောင် ခြောက်သုတ်တို့ကို ဖြည့်စွက်အပ်ကုန်၏။ ကလ္လိတမူလက ပြီး၏။]