သံယုတ္တနိကာယ်—၃၄

၅၅—သာတစ္စမူလကသပ္ပါယကာရီသုတ်

၇၁၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဈာန်ရသူတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်၌ အမြဲမပြတ်သာ ပြုလေ့ရှိ၏၊ ဈာန်အား လျောက်ပတ်သည်ကို ပြုလေ့မရှိ။ ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်အား လျောက်ပတ်သည်ကိုသာ ပြုလေ့ရှိ၏၊ ဈာန်၌ အမြဲမပြတ် ပြုလေ့မရှိ။ ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်၌ အမြဲမပြတ်လည်း ပြုလေ့မရှိ၊ ဈာန်အား လျောက်ပတ်သည်ကိုလည်းပြုလေ့မရှိ။ ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်၌ အမြဲမပြတ်လည်း ပြုလေ့ရှိ၏၊ ဈာန်အား လျောက်ပတ်သည်ကိုလည်း ပြုလေ့ရှိ၏။

ရဟန်းတို့ ထိုလေးမျိုးတို့တွင် ဈာန်၌ အမြဲမပြတ်လည်းပြု၊ ဈာန်အား လျောက်ပတ်သည်ကိုလည်းပြုလေ့ရှိသော ဈာန်ရသူသည် အထက်ဆုံး ဖြစ်၏၊ အကြီးဆုံး ဖြစ်၏၊ အမြတ်ဆုံး ဖြစ်၏၊ အလွန်ဆုံးဖြစ်၏၊ အမွန်ဆုံး ဖြစ်၏။

ရဟန်းတို့ ဥပမာသော်ကား နွားမထက် နို့ရည် နို့ရည်ထက် နို့ဓမ်း နို့ဓမ်းထက် ဆီဥ ဆီဥထက်ထောပတ် ထောပတ်ထက် ထောပတ်ကြည်ကို ထိုအားလုံးတို့တွင် အမြတ်ဆုံးဟု ဆိုအပ်သကဲ့သို့ရဟန်းတို့ ဤအတူသာလျှင် ထိုလေးမျိုးတို့တွင် ဈာန်၌ အမြဲမပြတ်လည်းပြု၊ ဈာန်အားလျောက်ပတ်သည်ကိုလည်း ပြုလေ့ရှိသော ဈာန်ရသူသည် အထက်ဆုံး ဖြစ်၏၊ အကြီးဆုံး ဖြစ်၏၊ အမြတ်ဆုံး ဖြစ်၏၊ အလွန်ဆုံး ဖြစ်၏၊ အမွန်ဆုံး ဖြစ်၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကားတော်ကိုလွန်စွာ နှစ်သက်ဝမ်းမြောက်ကြလေကုန်ပြီ။

ပဉ္စပညာသမသုတ်။

[စုဏ္ဏိယသုတ် ငါးဆယ့်ငါးသုတ်တို့ကဲ့သို့ ထို့အတူ ချဲ့အပ်ကုန်၏။]

ဈာနသံယုတ် ပြီး၏။

ခန္ဓဝဂ္ဂသံယုတ် ပြီး၏။