သံယုတ္တနိကာယ်—၃၄

၆—သမာဓိမူလကဂေါစရသုတ်

၆၆၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဈာန်ရသူတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်၌ သာ လိမ္မာ၏၊ ဈာန်၏ ကျက်စားရာ (အာရုံ) တို့၌ မလိမ္မာ။ ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်၏ ကျက်စားရာ (အာရုံ) တို့၌ သာ လိမ္မာ၏၊ ဈာန်၌ မလိမ္မာ။ ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်၌လည်း မလိမ္မာ၊ ဈာန်၏ ကျက်စားရာ (အာရုံ) တို့၌လည်း မလိမ္မာ။ ရဟန်းတို့ ဤလောက၌ အချို့သောဈာန်ရသူသည် ဈာန်၌လည်း လိမ္မာ၏၊ ဈာန်၏ ကျက်စားရာ (အာရုံ) တို့၌လည်း လိမ္မာ၏။

ရဟန်းတို့ ထိုလေးမျိုးတို့တွင် ဈာန်၌လည်း လိမ္မာ၊ ဈာန်၏ ကျက်စားရာ (အာရုံ) တို့၌လည်းလိမ္မာသူသည် အထက်ဆုံး ဖြစ်၏၊ အမြတ်ဆုံး ဖြစ်၏၊ အကြီးဆုံး ဖြစ်၏၊ အလွန်ဆုံး ဖြစ်၏၊ အမွန်ဆုံးဖြစ်၏။

ရဟန်းတို့ ဥပမာသော်ကား နွားမထက် နို့ကို။ပ။ အမွန်ဆုံး ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။