သံယုတ္တနိကာယ်—၃၄

၉—သမာဓိမူလကသာတစ္စကာရီသုတ်

၆၇ဝ။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဈာန်ရသူတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်၌ သာ လိမ္မာ၏၊ ဈာန်၌ အမြဲမပြတ် ပြုလေ့မရှိ။ ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်၌ သာ အမြဲမပြတ် ပြုလေ့ရှိ၏၊ ဈာန်၌ မလိမ္မာ။ ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်၌လည်း မလိမ္မာ၊ ဈာန်၌ အမြဲမပြတ်လည်း ပြုလေ့မရှိ။ ရဟန်းတို့ ဤလောက၌ အချို့သော ဈာန်ရသူသည် ဈာန်၌လည်း လိမ္မာ၏၊ ဈာန်၌ အမြဲမပြတ်လည်း ပြုလေ့ရှိ၏။

ရဟန်းတို့ ထိုလေးမျိုးတို့တွင် ဈာန်၌လည်း လိမ္မာ၊ ဈာန်၌ အမြဲမပြတ်လည်း ပြုလေ့ရှိသော သူသည်အထက်ဆုံး ဖြစ်၏၊ အမြတ်ဆုံး ဖြစ်၏၊ အကြီးဆုံး ဖြစ်၏၊ အလွန်ဆုံး ဖြစ်၏၊ အမွန်ဆုံး ဖြစ်၏။

ရဟန်းတို့ ဥပမာသော်ကား နွားမထက် နို့ကို။ပ။ အမွန်ဆုံး ဖြစ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။