သံယုတ္တနိကာယ်—၃၅

(၁၂) ၂—လောကကာမဂုဏဝဂ်

၆—ပဉ္စသိခသုတ်

၁၁၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ပဉ္စသိခမည်သော ဂန္ဓဗ္ဗနတ်သားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကိုရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား ဤလောက၌ အချို့သော သတ္တဝါတို့သည် မျက်မှောက်၌ ကိလေသာမှ မငြိမ်းအေးနိုင်သော အကြောင်းအထောက်အပံ့ကားအဘယ်ပါနည်း၊ အသျှင်ဘုရား ဤလောက၌ အချို့သော သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ ကိလေသာမှငြိမ်းအေးနိုင်သော အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း”ဟု လျှောက်၏။

ပဉ္စသိခ စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏။ပ။ ပဉ္စသိခ အလိုရှိအပ်ကုန်နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့်စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည်ရှိကုန်၏၊ ထိုသဘော တရားကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူထိုသဘောတရားကို အလွန် နှစ်သက်သော စွဲလမ်းသော လွှမ်းမိုး၍ တည်သော ထိုရဟန်းအားထိုနှစ်သက်မှုကို မှီသော ထိုနှစ်သက်မှု ဖြင့် စွဲလမ်းသော ဝိညာဏ်သည် ဖြစ်၏၊ ပဉ္စသိခ စွဲလမ်းမှုရှိနေသော ရဟန်းသည် ကိလေသာမှ မငြိမ်း အေးနိုင်။

ပဉ္စသိခ ဤလောက၌ အချို့သော သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ ကိလေသာမှ မငြိမ်းအေးနိုင်သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်း။

ပဉ္စသိခ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော စက္ခုဝိညာဏ်ဖြင့်မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏။ပ။ ပဉ္စသိခ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကိုပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အလွန်မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူ ထိုသဘောတရားကို အလွန် မနှစ်သက်သော မစွဲလမ်းသော လွှမ်းမိုး၍ မတည်သော ထိုရဟန်းအား ထိုနှစ်သက်မှုကို မှီသော ထိုနှစ်သက်မှုဖြင့် စွဲလမ်းသောဝိညာဏ်သည် မဖြစ်၊ ပဉ္စသိခ စွဲလမ်းမှု မရှိသော ရဟန်းသည် ကိလေသာမှ ငြိမ်းအေးနိုင်၏။

ပဉ္စသိခ ဤလောက၌ အချို့သော သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ ကိလေသာမှ ငြိမ်းအေးနိုင် သောအကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။