သံယုတ္တနိကာယ်—၃၅

(၆) ၁—အဝိဇ္ဇာဝဂ်

၂—သံယောဇနပဟာနသုတ်

၅၄။ အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား သံယောဇဉ် ‘အနှောင်အဖွဲ့’ တရားတို့ပျောက်ကင်းနိုင်ကြပါသနည်း။

ရဟန်း မျက်စိကို မမြဲဟု သိသူ မြင်သူအား သံယောဇဉ် ‘အနှောင်အဖွဲ့’ တရားတို့ ပျောက်ကင်းနိုင်ကုန်၏။ အဆင်းတို့ကို။ စက္ခုဝိညာဏ်ကို။ စက္ခုသမ္ဖဿကို။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို မမြဲဟု သိသူ မြင်သူအားသံယောဇဉ် ‘အနှောင်အဖွဲ့’ တရား တို့ ပျောက်ကင်းနိုင်ကုန်၏။ နားကို။ နှာခေါင်းကို။ လျှာကို။ကိုယ်ကို။ စိတ်ကို။ သဘောတရာတို့ကို။ မနောဝိညာဏ်ကို။ မနောသမ္ဖဿကို။ မနောသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို မမြဲဟု သိသူ မြင်သူအားသံယောဇဉ် ‘အနှောင်အဖွဲ့’ တရားတို့ ပျောက်ကင်းနိုင် ကုန်၏။

ရဟန်း ဤသို့ သိသူ ဤသို့ မြင်သူအား သံယောဇဉ် ‘အနှောင်အဖွဲ့’ တရားတို့ ပျောက်ကင်းနိုင်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။