သံယုတ္တနိကာယ်—၃၅

(၇) ၂—မိဂဇာလဝဂ်

၆—သမိဒ္ဓိလောကပဥှာသုတ်

၆၈။ အသျှင်ဘုရား “လောက လောက” ဟူ၍ ဆိုအပ်၏၊ အသျှင်ဘုရား အဘယ်မျှလောက်ဖြင့်လောကသည်လည်းကောင်း၊ လောကဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း ဖြစ်ရာပါသနည်းဟု ( ဤစကားကို လျှောက်၏)။ သမိဒ္ဓိ မျက်စိရှိရာ အဆင်းတို့ ရှိရာ စက္ခုဝိညာဏ်ရှိရာ စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ ရှိရာအရပ်၌ လောကသည်လည်းကောင်း၊ လောကဟူသောအခေါ်အဝေါ်ပညတ်သည်လည်းကောင်း ရှိ၏။ လျှာရှိရာ။ပ။ စိတ်ရှိရာ သဘောတရားတို့ ရှိရာမနောဝိညာဏ်ရှိရာ မနောဝိညာဏ် ဖြင့် သိအပ်သော တရားတို့ ရှိရာအရပ်၌ လောကသည်လည်းကောင်း၊ လောကဟူသော အခေါ်အဝေါ် ပညတ်သည်လည်းကောင်း ရှိ၏။

သမိဒ္ဓိ မျက်စိ မရှိရာ အဆင်းတို့ မရှိရာ စက္ခုဝိညာဏ် မရှိရာ စက္ခုဝိညာဏ်ဖြင့် သိအပ်သောတရားတို့ မရှိရာအရပ်၌ လောကသည်လည်းကောင်း၊ လောကဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း မရှိ။ပ။ လျှာ မရှိရာ။ပ။ စိတ် မရှိရာ သဘောတရားတို့ မရှိရာ မနောဝိညာဏ် မရှိရာ မနောဝိညာဏ်ဖြင့် သိအပ်သော သဘောတရားတို့ မရှိရာ အရပ်၌ လောကသည်လည်းကောင်း၊ လောကဟူသော အခေါ်အဝေါ်ပညတ်သည်လည်းကောင်း မရှိဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။