သံယုတ္တနိကာယ်—၃၆
၂—ရဟောဂတဝဂ်
၈—ဒုတိယ သမ္ဗဟုလသုတ်
၂၆၆။ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၏။ပ။ တစ်ခုသောနေရာ၌ ထိုင်နေကြပြီးသော ထိုရဟန်းတို့အား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—“ရဟန်းတို့ဝေဒနာတို့ ဟူသည် အဘယ်တို့နည်း၊ ဝေဒနာ၏ ဖြစ်ပေါ်ကြောင်းကား အဘယ်နည်း၊ ဝေဒနာချုပ်ငြိမ်းရာ ကား အဘယ်နည်း၊ ဝေဒနာချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ကားအဘယ်နည်း၊ ဝေဒနာ၏ သာယာ ဖွယ်ကား အဘယ်နည်း၊ အပြစ်ကား အဘယ်နည်း၊ ထွက်မြောက်ရာကား အဘယ်နည်း”ဟု (မိန့်တော် မူ၏)။
အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာ အရင်းမူလရှိပါကုန်၏။ပ။ ရဟန်းတို့ ဝေဒနာတို့ကား သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ ဤသုံးပါးတို့တည်း။ပ။ ရဟန်းတို့ ဤသည်ကို ခံစားမှု ‘ ဝေဒနာ ‘ တို့ဟူ၍ ဆိုအပ်ကုန်၏၊ တွေ့ထိမှု ဖြစ်ပေါ်ခြင်းကြောင့်။ [ ရှေ့သုတ်၌ကဲ့သို့ထို့အတူ ချဲ့ရမည် ]။
အဋ္ဌမသုတ်။