သံယုတ္တနိကာယ်—၄၅

၂—ဝိဟာရဝဂ်

၆—ပဌမ ပရိသုဒ္ဓသုတ်

၁၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား ထင်ရှားပွင့်တော်မူသော အခါ၌သာ စင်ကြယ်ကုန်သောဖြူ စင်ကုန်သောအညစ်အကြေး မရှိကုန်သော ညစ်ညူးခြင်း ကင်းကုန်သော မဖြစ်ပေါ်ဖူးသေးကုန်သောဤ တရားရှစ်ပါးတို့သည် ဖြစ်ပေါ်ကုန်၏။ အဘယ်ရှစ်ပါးတို့နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။

မှန်ကန် သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိ့တော်မူသော မြတ်စွာဘုရား ထင်ရှားပွင့်တော်မူသော အခါ၌သာ စင်ကြယ်ကုန်သော ဖြူစင်ကုန်သောအညစ် အကြေး မရှိကုန်သော ညစ်ညူးခြင်း ကင်းကုန်သော မဖြစ်ပေါ်ဖူးသေးကုန်သောဤတရားရှစ်ပါးတို့သည် ဖြစ်ပေါ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။