သံယုတ္တနိကာယ်—၄၅

၂—ဝိဟာရဝဂ်

၇—ဒုတိယ ပရိသုဒ္ဓသုတ်

၁၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ မြတ်စွာဘုရား၏ အဆုံးအမ ‘သာသနာ’ တော်၌သာ စင်ကြယ်ကုန်သော ဖြူစင်ကုန်သောအညစ်အကြေး မရှိကုန်သော ညစ်ညူးခြင်း ကင်းကုန်သော မဖြစ်ပေါ်ဖူးသေးကုန်သော ဤတရားရှစ်ပါးတို့သည် ဖြစ်ပေါ်ကုန်၏။ အဘယ်ရှစ်ပါးတို့နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’တို့တည်း။

ရဟန်းတို့ မြတ်စွာဘုရား၏ အဆုံးအမ ‘သာသနာ’တော်၌သာ စင်ကြယ်ကုန်သော ဖြူစင်ကုန်သောအညစ်အကြေး မရှိကုန်သော ညစ်ညူးခြင်း ကင်းကုန်သော မဖြစ်ပေါ်ဖူးသေးကုန်သော ဤတရားရှစ်ပါးတို့သည် ဖြစ်ပေါ်ကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။