သံယုတ္တနိကာယ်—၄၅

၃—မိစ္ဆတ္တဝဂ်

၇—ကုမ္ဘသုတ်

၂၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ကရွတ်ခွေ မရှိသောအိုးသည် လိမ့်လွယ်သကဲ့သို့လည်းကောင်း၊ ကရွတ်ခွေရှိသောအိုးသည် လိမ့်နိုင်ခဲသကဲ့သို့လည်းကောင်း ထို့အတူပင် တည်ရာမှီရာ မရှိသော စိတ်သည် ပျံ့လွင့်လွယ်၏၊ တည်ရာမှီရာရှိသော စိတ်သည် ပျံ့လွင့်နိုင်ခဲ၏။

ရဟန်းတို့ စိတ်၏ တည်ရာဟူသည် အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပင်တည်း။ ဤအရိယမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။ ဤအရိယမဂ်သည် စိတ်၏ တည်ရာတည်း။

ရဟန်းတို့ ကရွတ်ခွေ မရှိသောအိုးသည် လိမ့်လွယ်သကဲ့သို့လည်းကောင်း၊ ကရွတ်ခွေရှိသောအိုးသည် လိမ့်နိုင်ခဲသကဲ့သို့လည်းကောင်း ထို့အတူပင် တည်ရာမှီရာ မရှိသော စိတ်သည် ပျံ့လွင့်လွယ်၏၊ တည်ရာမှီရာရှိသော စိတ်သည် ပျံ့လွင့်နိုင်ခဲ၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။