သံယုတ္တနိကာယ်—၄၅

၃—မိစ္ဆတ္တဝဂ်

၈—သမာဓိသုတ်

၂၈။ ရဟန်းတို့ သင်တို့အား အကြောင်းနှင့် တကွ အခြံအရံနှင့် တကွဖြစ်သော မြတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ အကြောင်းနှင့် တကွ အခြံအရံနှင့် တကွဖြစ်သော မြတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ဟူသည် အဘယ်နည်း။ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။

ရဟန်းတို့ ဤအင်္ဂါရှစ်ပါးနှင့် ပြည့်စုံသောအကြင်စိတ်၏ တည်ကြည်မှုသည် အခြံအရံနှင့် တကွ ဖြစ်၏။ ရဟန်းတို့ ဤစိတ်၏ မြတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ကို အကြောင်းနှင့်တကွဖြစ်၏ဟူ၍လည်းကောင်း၊ အခြံအရံနှင့် တကွဖြစ်၏ဟူ၍လည်းကောင်း ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။