သံယုတ္တနိကာယ်—၄၅

၇—ဧကဓမ္မပေယျာလဝဂ်

၂—၆—သီလသမ္ပဒါ စသော ၅—သုတ်

၇၁—၇၅။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ တစ်ခုသော တရားသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုဖြစ်စေခြင်းငှါ ကျေးဇူးများ၏။ တစ်ခုသော တရားဟူသည် အဘယ်နည်း၊ သီလနှင့် ပြည့်စုံခြင်းတည်း။ပ။

ကုသိုလ်ကောင်းမှုကို ပြုလုပ်လိုမှု ‘ဆန္ဒ’နှင့် ပြည့်စုံခြင်းတည်း။ပ။ ပြည့်စုံသော စိတ်ရှိခြင်းတည်း။ပ။ ဉာဏ်အမြင်နှင့် ပြည့်စုံခြင်းတည်း။ပ။ မမေ့လျော့မှု ‘အပ္ပမာဒ’ တရားနှင့် ပြည့်စုံခြင်းတည်း။ပ။

ဆဋ္ဌသုတ်။