သံယုတ္တနိကာယ်—၄၆

၄—နီဝရဏဝဂ်

၄—အနုပက္ကိလေသသုတ်

၂၁၅။ ရဟန်းတို့ ကုသိုလ်တရားကို မပိတ်ပင်မတားဆီးတတ်ကုန်သော စိတ်ကို မညစ်ညူးစေတတ်ကုန်သော ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် (အရဟတ္တမဂ် အရဟတ္တဖိုလ်ဟူသော) အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’အကျိုးကိုမျက်မှောက် ပြုခြင်းငှါ ဖြစ်ကုန်၏။ အဘယ်ခုနစ်ပါးတို့နည်း— ရဟန်းတို့ မပိတ်ပင်မတားဆီးတတ်သော စိတ်ကို မညစ်ညူးစေတတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ အကျိုးကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ပ။ ရဟန်းတို့ ကုသိုလ်တရားကိုမပိတ်ပင်မတားဆီးတတ်သော စိတ်ကို မညစ်ညူးစေတတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများအပ်ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည် ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ အကျိုးကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။

ရဟန်းတို့ ကုသိုလ်တရားကို မပိတ်ပင်မတားဆီးတတ်ကုန်သော စိတ်ကို မညစ်ညူးစေတတ်ကုန် သောဤဆိုခဲ့ပြီးသော ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ အကျိုးကို မျက်မှောက်ပြုခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။