သံယုတ္တနိကာယ်—၄၆

၄—နီဝရဏဝဂ်

၆—ဗုဒ္ဓိသုတ်

၂၁၈။ ရဟန်းတို့ ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိ သော်တိုးပွားခြင်းငှါ မဆုတ်ယုတ်ခြင်းငှါ ဖြစ်ကုန်၏။ အဘယ်ခုနစ်ပါးတို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ရဟန်းတို့ ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် တိုးပွားခြင်းငှါ မဆုတ်ယုတ်ခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။