သံယုတ္တနိကာယ်—၄၆

၅—စက္ကဝတ္တိဝဂ်

၄—ဒုပ္ပညသုတ်

၂၂၅။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော နေရာ၌ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—အသျှင်ဘုရား “ပညာမဲ့၍ ဖျင်းအသူ ပညာမဲ့၍ ဖျင်းအသူ”ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်ကြောင့် “ပညာမဲ့၍ ဖျင်းအသူ”ဟု ဆိုအပ်ပါသနည်းဟု (လျှောက်၏)။

ရဟန်း ဗောဇ္ဈင်ခုနစ်ပါးတို့ကို မပွါးများခြင်း ကြိမ်ဖန်များစွာ မပြုလုပ်ခြင်းကြောင့် “ပညာမဲ့၍ဖျင်းအသူ”ဟု ဆိုအပ်၏။ အဘယ်ခုနစ်ပါးတို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ရဟန်း ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို မပွါးများခြင်း ကြိမ်ဖန်များစွာ မပြုလုပ်ခြင်းကြောင့် “ပညာမဲ့၍ ဖျင်းအသူ”ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။