သံယုတ္တနိကာယ်—၄၆

၆—သာကစ္ဆဝဂ်

၁—အာဟာရသုတ်

၂၃၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ နီဝရဏငါးပါးနှင့် ဗောဇ္ဈင်ခုနစ်ပါးတို့၏ အကြောင်းဖြစ်သောတရားကိုလည်းကောင်း၊ အကြောင်း မဖြစ်သော တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ မဖြစ်သေးသော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ကာမ၌လိုချင်မှု ‘ကာမစ္ဆန္ဒ’ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ တင့်တယ်သော သုဘနိမိတ်အာရုံမျိုးသည် ရှိ၏၊ ထိုသုဘနိမိတ်အာရုံ၌ မသင့်လျော်သောအား့ဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ကာမ၌လိုချင်မှု ‘ကာမစ္ဆန္ဒ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းတည်း။ (၁)

ရဟန်းတို့ မဖြစ်သေးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ထိပါးမှု ‘ပဋိဃ’နိမိတ်အာရုံသည် ရှိ၏၊ ထိုပဋိဃနိမိတ်အာရုံ၌ မသင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကိုကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းတည်း။ (၂)

ရဟန်းတို့ မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ မမွေ့လျော်ခြင်း၊ ပျင်းရိခြင်း၊ ကိုယ်လက် ဆန့်ငင်ဖြစ်ခြင်း၊ ထမင်းဆီယစ်ခြင်း၊ စိတ်၏ ဆုတ်နစ်ခြင်းသည် ရှိ၏။ ထို (မမွေ့လျော်ခြင်းစသည်) ၌ မသင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းတည်း။ (၃)

ရဟန်းတို့ မဖြစ်သေးသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ္ဓ’, နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ္ဓ’, နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန်ပြန့်ပြောစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ စိတ်မအေးငြိမ်းမှုသည် ရှိ၏၊ ထိုစိတ်မအေးငြိမ်းမှု၌ မသင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကားမဖြစ်သေးသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ္ဓ’, နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ္ဓ’, နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန်အကြောင်းတည်း။ (၄)

ရဟန်းတို့ မဖြစ်သေးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ၏ တည်ရာအာရုံတရားတို့သည် ရှိကုန်၏၊ ထိုတရားတို့၌ မသင့်လျော်သောအားဖြင့်နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းတည်း။ (၅)

ရဟန်းတို့ မဖြစ်သေးသော အောက်မေ့မှု သတိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော အောက်မေ့ မှုသတိသမ္ဗောဇ္ဈင်ကို ပွားများမှု ပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ အောက်မေ့မှုသတိသမ္ဗောဇ္ဈင်၏ တည်ရာ အာရုံဖြစ်ကုန်သော (ဗောဓိပက္ခိယတရား လောကုတ္တရာ) တရားတို့သည် ရှိကုန်၏၊ ထိုတရားတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော အောက်မေ့မှု သတိသမ္ဗောဇ္ဈင် ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော အောက်မေ့မှုသတိသမ္ဗောဇ္ဈင်ကို ပွားများမှု ပြည့်စုံစေရန် အကြောင်းတည်း။ (၁)

ရဟန်းတို့ မဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင် ကိုပွားများမှု ပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ ကုသိုလ် အကုသိုလ်တရား၊ အပြစ်ရှိအပြစ်မဲ့တရား၊ အယုတ် အမြတ်တရား၊ အကျိုးတူအဖို့ရှိသည့် အမည်း အဖြူဖြစ်သော တရား တို့သည့်ရှိကုန်၏။ ထိုတရားတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်း ပင်တည်း။ ဤသည်ကား မဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဓမ္မဝိစယ သမ္ဗောဇ္ဈင်ကိုပွားများမှု ပြည့်စုံစေရန် အကြောင်းတည်း။ (၂)

ရဟန်းတို့ မဖြစ်သေးသော ဝီရိယသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင်ကိုပွားများမှု ပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ ရှေးဦးစွာ အားထုတ်မှု ‘အာရမ္ဘဓာတ်’၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု ‘နိက္ကမဓာတ်’၊ အဆင့်ဆင့် အားထုတ်မှု ‘ပရက္ကမဓာတ်’တို့ ရှိကုန်၏။ ထိုအားထုတ်မှုတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကားမဖြစ်သေးသော ဝီရိယသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန်အကြောင်းတည်း။ (၃)

ရဟန်းတို့ မဖြစ်သေးသော ပီတိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပီတိသမ္ဗောဇ္ဈင်ကို ပွါးများမှုပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ ပီတိသမ္ဗောဇ္ဈင်၏ တည်ရာ (အာရုံ) ဖြစ်သောတရားတို့သည် ရှိကုန်၏၊ ထိုတရားတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ပီတိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသောဝီတိသမ္ဗောဇ္ဈင် ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်းတည်း။ (၄)

ရဟန်းတို့ မဖြစ်သေးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကိုပွါးများမှု ပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ ကိုယ်၏ ငြိမ်းချမ်းမှု၊ စိတ်၏ ငြိမ်းချမ်းမှုတို့သည် ရှိကုန်၏။ ထိုငြိမ်းချမ်းမှုတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသောပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်းတည်း။ (၅)

ရဟန်းတို့ မဖြစ်သေးသော သမာဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော သမာဓိသမ္ဗောဇ္ဈင်ကိုပွါးများမှု ပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ (ကိလေသာမှ) ငြိမ်းကြောင်း သမထ၏ အာရုံ၊ မပျံ့လွင့်သော သမာဓိ၏ အာရုံတို့သည် ရှိကုန်၏။ ထိုအာရုံတို့၌ သင့်လျော်သောအားဖြင့်နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော သမာဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်းတည်း။ (၆)

ရဟန်းတို့ မဖြစ်သေးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကိုပွါးများမှု ပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။ ရဟန်းတို့ ဥပေက္ခာသမ္ဗောဇ္ဈင်၏တည်ရာ (အာရုံ) ဖြစ်သော တရားတို့သည် ရှိကုန်၏၊ ထိုတရားတို့၌ သင့်လျော်သောအားဖြင့်နှလုံးသွင်းမှုကို ကြိမ်ဖန် များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသောဥပေက္ခာသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီး သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန်အကြောင်းတည်း။ (၇)

ရဟန်းတို့ မဖြစ်သေးသော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ကာမ၌လိုချင်မှု ‘ကာမစ္ဆန္ဒ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော တရားကား အဘယ်နည်း။ ရဟန်းတို့ မတင့်တယ်သောအသုဘနိမိတ်အာရုံသည် ရှိ၏၊ ထိုအာရုံ၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသောကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’ကိုအတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော တရားတည်း။ (၁)

ရဟန်းတို့ မဖြစ်သေးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော တရားကား့အဘယ်နည်း။ ရဟန်းတို့ စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှ လွတ်သော ‘စေတောဝိမုတ္တိ’ မည်သောမေတ္တာသည် ရှိ၏၊ ထိုမေတ္တာ၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော တရားတည်း။ (၂)

ရဟန်းတို့ မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော တရားကား အဘယ်နည်း၊ ရဟန်းတို့ ရှေးဦးစွာ အားထုတ်မှု ‘အာရမ္ဘဓာတ်’၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု ‘နိက္ကမဓာတ်’၊ အဆင့်ဆင့် အားထုတ်မှု ‘ပရက္ကမဓာတ်’ တို့ ရှိကုန်၏။ ထိုအားထုတ်မှုတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကို အတိုင်းထက်အလွန်ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော တရားတည်း။ (၃)

ရဟန်းတို့ မဖြစ်သေးသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန်ပြန့်ပြောစေရန် အကြောင်း မဟုတ်သော တရားကား အဘယ်နည်း။ ရဟန်းတို့ စိတ်၏ ငြိမ်းအေးမှုသည်ရှိ၏၊ ထိုစိတ်၏ ငြိမ်းအေးမှု၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော တရားတည်း။ (၄)

ရဟန်းတို့ မဖြစ်သေးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော တရားကားအဘယ် နည်း။ ရဟန်းတို့ ကုသိုလ် အကုသိုလ်တရား၊ အပြစ်ရှိ အပြစ်မဲ့တရား၊ အယုတ် အမြတ်တရား၊ အကျိုး တူ အဖို့ရှိသည့် အမည်း အဖြူဖြစ်သော တရားတို့သည် ရှိကုန်၏။ ထိုတရားတို့၌သင့်လျော်သောအား ဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကားမဖြစ်သေးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကိုအတိုင်းထက်အလွန် ဖြစ်စေရန် ပြန့် ပြောစေရန် အကြောင်း မဟုတ်သော တရားတည်း။ (၅)

ရဟန်းတို့ မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်ကို ပွါး များမှုပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားကား အဘယ်နည်း။ ရဟန်းတို့ သတိသမ္ဗောဇ္ဈင်၏တည်ရာ (အာရုံ) ဖြစ်ကုန်သော (ဗောဓိပက္ခိယတရား လောကုတ္တရာ) တရားတို့သည် ရှိကုန်၏၊ ထိုတရားတို့၌ နှလုံးမသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားတည်း။ (၁)

ရဟန်းတို့ မဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင် ကိုပွါးများမှု ပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားကား အဘယ်နည်း။ ရဟန်းတို့ ကုသိုလ်အကုသိုလ်တရား၊ အပြစ်ရှိ အပြစ်မဲ့တရား၊ အယုတ် အမြတ်တရား၊ အကျိုးတူ အဖို့ရှိသည့် အမည်းအဖြူဖြစ်သော တရားတို့သည် ရှိကုန်၏။ ထိုတရားတို့၌ နှလုံးမသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားတည်း။ (၂)

ရဟန်းတို့ မဖြစ်သေးသော ဝီရိယသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားကား အဘယ်နည်း။ ရဟန်းတို့ ရှေးဦးစွာအားထုတ်မှု ‘အာရမ္ဘဓာတ်’၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု ‘နိက္ကမဓာတ်’၊ အဆင့်ဆင့် အားထုတ်မှု ‘ပရက္ကမဓာတ်’ တို့ ရှိကုန်၏။ ထိုအားထုတ်မှုတို့၌ နှလုံးမသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ဝီရိယသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများမှုပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားတည်း။ (၃)

ရဟန်းတို့ မဖြစ်သေးသော ပီတိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပီတိသမ္ဗောဇ္ဈင်ကို ပွါးများမှုပြည်စုံစေရန် အကြောင်း မဟုတ်သော တရားကား အဘယ်နည်း။ ရဟန်းတို့ ပီတိသမ္ဗောဇ္ဈင်၏တည်ရာ (အာရုံ) ဖြစ်သော တရားတို့သည် ရှိကုန်၏။ ထိုတရားတို့၌ နှလုံးမသွင်းမှုကို ကြိမ်ဖန်များစွာပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ပီတိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပီတိသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားတည်း။ (၄)

ရဟန်းတို့ မဖြစ်သေးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကိုပွါးများမှု ပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားကား အဘယ်နည်း။ ရဟန်းတို့ ကိုယ်၏ ငြိမ်းချမ်းမှု၊ စိတ်၏ ငြိမ်းချမ်းမှုတို့သည် ရှိကုန်၏။ ထိုငြိမ်းချမ်းမှုတို့၌ နှလုံးမသွင်းမှုကို ကြိမ်ဖန်များစွာပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသောပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားတည်း။ (၅)

ရဟန်းတို့ မဖြစ်သေးသော သမာဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော သမာဓိသမ္ဗောဇ္ဈင်ကိုပွါးများမှု ပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားကား အဘယ်နည်း၊ ရဟန်းတို့ (ကိလေသာမှ) ငြိမ်းကြောင်း သမထ၏ အာရုံ၊ မပျံ့လွင့်သော သမာဓိ၏ အာရုံတို့သည် ရှိကုန်၏။ ထိုအာရုံတို့၌ နှလုံးမသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော သမာဓိသမ္ဗောဇ္ဈင်ကိုဖြစ်စေရန်၊ ဖြစ်ပြီးသော သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားတည်း။ (၆)

ရဟန်းတို့ မဖြစ်သေးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကိုပွါးများမှု ပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားကား အဘယ်နည်း။ ရဟန်းတို့ ဥပေက္ခာသမ္ဗောဇ္ဈင်၏ တည်ရာ (အာရုံ) ဖြစ်သော တရားတို့သည် ရှိကုန်၏၊ ထိုတရားတို့၌ နှလုံးမသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်း မဟုတ်သော တရားတည်းဟု (မိန့်တော် မူ၏)။ (၇)

ပဌမသုတ်။