သံယုတ္တနိကာယ်—၄၇

၄—အနနုဿုတဝဂ်

၂—ဝိရာဂသုတ်

၃၉၈။ ရဟန်းတို့ ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိ့သော် စင်စစ် ငြီးငွေ့ခြင်းငှါ စွဲမက်မှု ‘ရာဂ’ ကင်းခြင်းငှါ (ကိလေသာ) ချုပ်ခြင်းငှါ (ကိလေသာ) ငြိမ်းအေးခြင်းငှါ ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ကိုယ်တိုင် သိခြင်းငှါ နိဗ္ဗာန်အလို့ငှါ ဖြစ်ကုန်၏။

အဘယ်လေးပါးတို့နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေ၏။ ဝေဒနာ တို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

ရဟန်းတို့ ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် စင်စစ်ငြီးငွေ့ခြင်းငှါ စွဲမက်မှု ‘ရာဂ’ ကင်းခြင်းငှါ (ကိလေသာ) ချုပ်ခြင်းငှါ (ကိလေသာ) ငြိမ်းအေးခြင်းငှါထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ကိုယ်တိုင် သိခြင်းငှါ နိဗ္ဗာန်အလို့ငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။