သံယုတ္တနိကာယ်—၄၇

၄—အနနုဿုတဝဂ်

၄—ဘာဝိတသုတ်

၄ဝဝ။ ရဟန်းတို့ ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် (သံသရာဝဋ်ဟူသော) ဤဘက်ကမ်းမှ (နိဗ္ဗာန်ဟူသော) ထိုဘက်ကမ်းသို့ သွားခြင်းငှါ ဖြစ်ကုန်၏။

အဘယ်လေးပါးတို့နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ဝေဒနာ တို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို့ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

ရဟန်းတို့ ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် (သံသရာဝဋ်ဟူသော) ဤဘက်ကမ်းမှ (နိဗ္ဗာန်ဟူသော) ထိုဘက်ကမ်းသို့ သွားခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။