သံယုတ္တနိကာယ်—၄၇

၄—အနနုဿုတဝဂ်

၆—အညာသုတ်

၄ဝ၂။ ရဟန်းတို့ သတိပဋ္ဌာန်တို့ကား ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာအားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ သတိပဋ္ဌာန်တို့ကား ဤလေးပါးတို့တည်း။

ရဟန်းတို့ ဤသတိပဋ္ဌာန်တို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ကို ရနိုင်ခြင်း ဥပါဒါန်အကြွင်းအကျန် ရှိခဲ့သော် အနာဂါမိဖိုလ်ကို ရနိုင်ခြင်းဟူသောအကျိုးနှစ်ပါးတို့တွင် အကျိုးတစ်ပါးပါးကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။