သံယုတ္တနိကာယ်—၄၇

၄—အနနုဿုတဝဂ်

၉—ဘာဝနာသုတ်

၄ဝ၅။ ရဟန်းတို့ သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများမှု “သတိပဋ္ဌာနဘာဝနာ”ကို ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများမှုဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာ တော်၌ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကိုအကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် သဘောတရားတို့၌ သဘေားတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ဤသည်ကား သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများမှုပင်တည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။